သဘောကျပါတယ်

သင်္ချာဆရာမက ဂျော်နီကို အောက်ပါမေးခွန်း မေးပါတယ်။

“လယ်ကွင်းထဲက သစ်ပင်တစ်ပင်မှာ ငှက် ၅ ကောင် နားနေတယ်။ တစ်ကောင်ကို သေနတ်နဲ့ ပစ်သတ်လိုက်တော့ အပင်မှာ ဘယ်နှစ်ကောင် ကျန်မလဲ”

ဂျော်နီက ” တစ်ကောင်မှ မကန်ပါဘူး ဆရာမ” လို့ဖြေတဲ့အခါ ဆရာမက

“မှားတယ်ကွယ့် သားလေးရဲ့  ၄ ကောင်ကျန်မယ်။ ဒါပေမယ့် မင်းတွေးပုံလေးကို သဘောကျပါတယ်” လို့ပြန်ဖြေပါတယ်။

ဒီတော့ ဒါကို မကျေနပ်တဲ့ ဂျော်နီက ဆရာမကို မေးခွန်းတစ်ခုမေး ခွင့်တောင်းတဲ့အခါ ဆရာမက မေးခွင့်ပေးလိုက်ပါတယ်။

ဂျော်နီ အမေး -

“အမျိုးသမီးကြီး သုံးယောက် ပန်းခြံထဲမှာ ထိုင်နေပြီး ရေခဲမုန့်ကိုယ်စီ စားနေကြပါတယ်။ ပထမ တစ်ယောက်က ရေခဲမုန့်ကို အပေါ်က စားပြီး ဒုတိယ တစ်ယောက်က ဘေးအသားကနေ စားပါတယ်။ နောက်ဆုံး တစ်ယောက်ကတော့ အောက်ကနေ စားပါတယ်။ ဘယ် အမျိုးသမီးက အိမ်ထောင်ကျပြီးပြီလို့ ထင်ပါသလဲ ဆရာမ”

ဆရာမ အဖြေ -

“အပေါ်ကနေ စားတဲ့ တစ်ယောက်က အိမ်ထောင်ရှင် အမျိုးသမီးဖြစ်မှာပေါ့”

လို့ဖြေတဲ့အခါ ဂျော်နီက ယခုလို ပြန်ဖြေပါတယ်။

“မှားပါတယ် တီချယ်။ လက်သန်းကြွယ်မှာ လက်စွပ် စွပ်ထားတဲ့ တစ်ယောက် အိမ်ထောင်ရှင်ပါ။ ဒါပေမယ့် တီချယ်တွေးပုံလေးကိုတော့ သဘောကျပါတယ်”

0 comments: