အရက်သမားများ

အရက်အလွန်အကျွံမူးနေသော အရက်သမားသုံးယောက် Taxi ငှားကြသည်။
Taxi Driver ကသူတို့ အရမ်းမူးနေမှန်းသိတော့ ကားစက်ကိုနှိုးလိုက်တယ် .. နောက်တော့
ကားစက်ကို ပြန်ရပ်လိုက်တယ် ..
ပြီးတော့သူက .

" မင်းတိုသွားချင်တဲ့နေရာ ရောက်ပြီ " လို့ ပြောတယ် .
ပထမအရက်မူးသမားက သူ့ ကိုပိုက်ဆံပေးလိုက်တယ် ..
ဒုတိယ အရက်မူးသမားက ကျေးဇူးပဲလို့ ပြောတယ် ..
တတိယ အရက်မူးသမားကျတော့ သူ့ ပါးကိုချလိုက်တယ် ..

Taxi Driver က သူအလိမ်ပေါ်သွားပြီဆိုပြီး လန့် သွားတာပေါ့ ..
အဲဒီ့အချိန်မှာ တတိယအရက်မူးသမားကပြောလိုက်တာကတော့ ..

" နောက်တစ်ခါ ကားမောင်းရင်အရှိန်လျှော့မောင်း .. မင်းကြောင့်ငါတို့ သေတော့မလို့ " တဲ့

0 comments: