ဆိုင်ခွဲ

သူတောင်းစားတစ်ယောက်က ဦးထုပ်နှစ်လုံးကိုရှေ့ချပြီး လမ်းဘေးတွင် ပိုက်ဆံတောင်းနေသည်။ လူတစ်ယောက်က ထိုဦးထုပ်ထဲကိုပိုက်ဆံပစ်ထည့်ပေးရင်း သိချင်သည့် မေးခွန်းတစ်ခုကိုမေး၏။

``ခင်ဗျားက ဦးထုပ်နှစ်လုံးတောင် ချထားတာကိုး၊ ဒီဦးထုပ်က ပိုက်ဆံတောင်းတဲ့ ဦးထုပ်ဆိုရင် ဟိုဘက် ဦးထုပ်က ဘာတုန်း´´

``ဟိုဘက်ဦးထုပ်ကလည်း ပိုက်ဆံတောင်းတာပါပဲ၊ အခုတလော အလုပ်အကိုင်ကောင်းလို့ ဆိုင်ခွဲဖွင့်ထားတဲ သဘောပါ´´

0 comments: