စစ်ဘက်ဆိုင်ရာ

Q – မိသားစုဝင်တွေထဲမှာ စစ်နဲ့ပတ်သက်တာတွေရှိလား?
A – ကျနော့်အဘေးဆိုရင် ဂျပန်စစ်ကြီးထဲမှာ ဆုံးသွားတာ။

Q – ဘယ်တိုက်ပွဲမှာတုန်း ??
A – ရွာနားကို ဂျပန်တွေရောက်လာတဲ့နေ့က စပြီး ဝမ်းပျက်တာ ၃ ရက်လောက်နေတော့ ဆုံးတာပဲ။


Q – ဟေ့ကောင်။ မင်းကို တိုက်ပွဲနဲ့ ပတ်သက်သလားမေးတာ။
A – ကျနော့်အဖိုးဆိုရင်တော့ အင်းစိန်တိုက်ပွဲမှာ ဆုံးသွားတာ။

Q – ဘယ်တပ်ကတုန်း ???
A – တပ်ကမဟုတ်ဘူး။ သူက ခြံထဲက သရက်သီးတက်ခူးတုန်း ကျည်ဆန်မှန်ပြီး ဆုံးတာပဲ။


Q – နောက်စရာမဟုတ်ဘူး။ နောက်ဆုံးမေးမယ်.. မင်းအဖေက စစ်နဲ့ပတ်သက်ပြီး ဘာလုပ်တုန်း ??
A – ရေစစ်ရောင်းပါတယ်..

0 comments: