မောင်မလာ မောင်သာ ..

အမျိုးသမီးတစ်ဦးသည် ညညအပြင်ထွက်လည်လေ့ရှိသော

သူ့ခင်ပွန်းသည်အား မကျေမနပ် ဖြစ်လျှက်ရှိသည်။ ပို၍ ဒေါသထွက်

ရတဲ့ အကြာင်းအရင်းလည်းရှိသည်။ ယင်းမှာ ခင်ပွန်းဖြစ်သူက အပြင်

ထွက်ခါနီးတွင် ဇနီးသည်အား "ကဲ ... သွားလိုက်ပါဦးမယ် ကလေး ၃

ယောက် အမေကြီးရေ" ဟု ပြောဆိုသောကြောင့်ဖြစ်သည်။

တညတွင် ခင်ပွန်းသည်က အပြင်ထွက်ရန် ဦးထုပ်ဆောင်းပြီး

တံခါဝအရောက်တွင် ထုံးစံအတိုင်း ဇနီးသည်ကို နှုတ်ဆက်လိုက်သည်။

"သွားပြီဟေ့ ကလေး ၃ ယောက် အမေကြီးရေ "

သို့နှင့် သည်းမခံနိုင်တဲ့ ဇနီးသည်ကလည်း ပြန်၍ ပြုံးပြုံးရွှင်ရွှင်ဖြင့်

ပြောလိုက်သည်။

"သွားပေဦးတော့ ကလေးတစ်ယောက် အဖေကြီးရေ"

ထိုအခါမှစ၍ ထိုသူသည် ညည အပြင်သို့ ထွက်၍ မလည်တော့ပေ။

0 comments: