တကယ် မကြားရဘူး

ကျောင်းဆရာက စာသင်သားတို့ကို မေးသည်။
“ရှစ်ကို ရှစ်နဲ့ မြောက်ရင် ဘယ်လောက်ရမလဲ ၊ ပီတာ... မင်းဖြေစမ်း”
“ကျွန်တော်မကြားရဘူး ဆရာ”
ဆရာသည် ပီတာ အနားကပ်လာကာ မေးခွန်းကို ထပ်မေးသည် ။
“မကြားရပါဘူး ဆရာ”
“မင်းငါ့ကို မလိမ်နဲ့ ၊ ကြား မကြား သိရအောင် မင်းနဲ့ ငါနဲ့ နေရာချင်း
လဲကြမယ်”
ပီတာသည် ဆရာထိုင်သည့် စားပွဲသို့  လျှောက်သွားကာ မေးသည်။
“ဆရာခင်ဗျား ၊ ကျွန်တော့်အမေဆီ အချိန်မတော် လာနေတာကို ဘယ်တော့
ရပ်တန်းက ရပ်မလဲ”
“ဟုတ်တယ်ဟေ့ ၊ တကယ်ပဲ ဘာမှ မကြားရပါလား”

0 comments: