လုံခြုံစိတ်ချရအောင်

ကလေးတစ်ယောက် စတိုးဆိုင်လာပြီး အမျိုးသမီးလစဉ်သုံးဂွမ်းထုပ်ဝယ်
တယ်။ အရောင်းတာဝန်ခံက လျှာရှည်ပြီးမေးတယ်။
တာဝန်ခံ။ ။ ကလေးရဲ့  အမေ အတွက်လား။
ကလေး။ ။ ဟုတ်ပါဘူး။
တာဝန်ခံ။ ။ အော်...ဒါဆို ကလေးရဲ့  အစ်မအတွက်ပေါ့။
ကလေး။ ။ သူ့အတွက်လည်းဟုတ်ဘူး။
တာဝန်ခံ။ ။ ဟင်... ဒါဆို ဘယ်သူ့အတွက်လဲ။
ကလေး။ ။ ညီလေးအတွက်ပါ။ တီဗွီမှာကြော်ငြာတယ်လေ ဒါကိုသုံးထားရင် စက်ဘီးလည်းစီးနိုင်ပါတယ်၊
ရေလည်းကူးနိုင်ပါတယ်၊ ဒါလေးနဲ့ဆိုလုံခြုံ မှုရှိတယ် ဆိုလို့ပါ။

0 comments: