ကြည့်ချင်ဦး

ဘတ်စ်ကားပေါ်တွင်ဖြစ်သည် ။ အဖိုးကြီးတစ်ဦး၏ရှေ့ တွင် အမျိုးသမီးငယ်တစ်ဦးသည် မိမိ၏ လှပသောခြေထောက် နှစ်ဖက်ကို အဖိုးကြီးမြင်သာအောင်ထိုင်နေသည်။ အဖိုးကြီးကပြောသည် ။

" မင်းရဲ့ စကဒ်ကို ဒီ့ထက်ပိုပြီး မတင်ပေးနိုင်မယ်ဆိုရင် တစ်သောင်းပေးမယ် "

အမျိုးသမီးငယ်က မတင်ပေးလိုက်သည်။ ငွေတစ်သောင်းကိုလဲ တစ်ဆက်တည်းတောင်းယူလိုက်သည်။
မျက်နှာကို ခပ်ပြုံးပြုံးလေးလုပ်ရင်း အမျိုးသမီးငယ်က ဆက်ပြောသည်။

" အန်ကယ် နောက်တစ်သောင်းထပ်ပေးရင် ကျမ အူအတက်ပေါက်လို့ ခွဲစိတ်တဲ့ နေရာကိုပြမယ် "

အဖိုးကြီးဝမ်းသာအားရ ငွေတစ်သောင်းထပ်ပေးလိုက်သည်။ အမျိုးသမီးငယ်က ဟက်ဟက်ပက်ပက် ရယ်မောရင်း ကားပေါ်မှနေ အဆောက်အဦးတစ်ခုကို လက်ညှိုးထိုးပြသည်။ အဖိုးကြီးကြည့်သည် ။

မြို့ နယ်ဆေးရုံကြီးဖြစ်နေလေသည် ။။

0 comments: