ရှက်လို့ 

အပြင်မှပြန်လာသော သမီးဖြစ်သူကို မိခင်ကမေးနေသည်။

မိခင်။ သမီးရယ် တစ်နေကုန်ဘယ်တွေသွားနေတာလဲ။

သမီး။ မေမေရယ် သမီးသူငယ်ချင်းကအဖော်လိုက်ခဲ့ပါဆိုလို့ ကာယဗလမောင်ပြိုင်ပွဲသွားကြည့်မိတာပါ။

မိခင်။ ဟုတ်လား။ သူတို့ရဲ့ကာယအလှကို သမီးသေချာကြည့်ခဲ့တယ်ပေါ့။

သမီး။ ဟင့်အင်း။ သေချာမကြည့်ခဲ့ပါဘူး။ ကာယဗလမောင်တွေက အ၀တ်လည်းမပါဘဲ၊ အတွင်းခံလေးပဲဝတ်ပြီး လူတွေရှေ့မှာပြိုင်နေကြတာလေ။ သမီးလည်း ရှက်တာနဲ့ပဲ အ၀တ်ပါတဲ့နေရာလေးကိုပဲ ကွက်ပြီးကြည့်ခဲ့တယ်။


0 comments: