ဒါလေးတောင်မသိသေးဘူးလား

'နယူးရပ်ရှင်' ၏ဇနီးသည် ပိုက်ဆံထုပ်ပိုက်ပြီး မော်စကိုသို့ တက်လာသည်။ အကောင်းစားဟော်တယ်တွင် အခန်း တစ်ခု ယူပြီး မြို့ လယ်ခေါင်တွင်ဖွင့်ထားသည့်လောင်းကစားရုံ သို့ သွားသည်။ ရူးလက်ကစားရန်ဆုံးဖြတ်လိုက်သည်။
ပါလာသမျှပိုက်ဆံအားလုံးကို ကူပွန်ကြွေပြားများဝယ်လိုက်သည်။ ထို့ နောက် ၂၂ ဂဏန်းတွင်ပုံအောပြီးထိုက်သည်။ ဒိုင်လုပ်သူကမေးသည်။

" အမကြီး ရူးလက် ကစားတာဒါ ပထမဆုံးအကြိမ်ထင်တယ် "
" ဟုတ်ပါတယ် "
" အဲဒါဆို ကျွန်တော် စေတနာနဲ့ အကြံပေးပါရစေ၊ ကူပွန်တွေအားလုံးကို ၂၂ တစ်ခုတည်းမှာ ပုံအောပြီး မထိုးစေချင်ဘူး။ မဂဏန်း ၊ စုံဂဏန်း ၊ အနီရောင် နဲ့ အမည်းရောင်တွေ မျှပြီးထိုးပါ။ ဒါမှ ပေါက်ဖို့ အခွင့်အလမ်းပိုများပါလိမ့်မယ် "
" ဟင့်အင်း ၊ ကျွန်မ ၂၂ မှာပဲထိုးချင်တယ်ရှင့် "

ဒိုင်လုပ်သူက ခုံဝိုင်းကိုလှည့်လိုက်ပြီး ဂေါ်လီလုံးကိုစတင်ပစ်ထည့်လိုက်သည်။ အလည်ရင်သောအခါ ဂေါ်လီလုံးသည် ဂဏန်း ၂၂ တွင်ရောက်နေသည်ကိုတွေ့ ရသည်။
အမျိုးသမီးသည် လျော်ငွေအားလုံးကိုဆွဲယူလိုက်ပြီး ဂဏန်း ၂၂ တွင်ပင် ထပ်အောလိုက်ပြန်သည်။  ဒိုင်လုပ်သူကပြောသည်။

" အမကြီး ၊စောစောက အမကြီးအင်မတန်ကံကောင်းလို့ ပေါက်တာပါ။ ဒီတစ်ခေါက်ပေါက်ဖို့ မလွယ်ပါဘူး။ ဂေါ်လီလုံးဟာ ဘယ်တော့မှ ဂဏန်းတစ်ခုတည်းပေါ်နှစ်ခါကျလေ့မရှိပါဘူး" ဟုစေတနာဖြင့်ပြောသည်။
" ကိစ္စမရှိပါဘူး ၊ ကျမ ၂၂ ကိုပဲထပ်ထိုးချင်တယ် "
ခုံဝိုင်းကို ထပ်လှည့်သည် ။ ဂေါ်လီလုံး ၂၂ မှာထပ်ကျပြန်သည်။ ထိုအတိုင်း အမျိုးသမီးသည် တစ်ညနေလုံး ၂၂ မှာပဲဆင်တိုက်ထိုးနေသည်။ အကြိမ်တိုင်းလည်း ၂၂ မှာချည်းပဲကျသည်။ 
ကာစီနို ပိုင်ရှင်နှင့် ဧည့်သည်များဝိုင်းအုံလာကြသည် ။ တစ်နေ့ တည်းမှာ တစ်နှစ်စာ အရှုံးပေါ်သွားသော ကာစီနိုပိုင်ရှင်ကမေးသည်။

" ဘယ်လို အခြေခံမှုတွေကိုအသုံးပြုပြီးထိုးသလဲဆိုတာ သိပါရစေလားကွယ် "
" ဘာမူမှမရှိပါဘူး ။ ကျမက အတိတ်နိမိတ်တွေကို ယုံတယ် ။ မော်စကို ကို ကျမ ၇ ရက်နေ့ မှာရောက်တယ်။ ကျမနေရတဲ့ ဟော်တယ်အခန်းက နံပါတ် (၇) ။ကာစီနိုကိုလာဖို့ ကားငှားတာ ၇ စီးမြောက်ကားမှ ရပ်ပေးတယ် "

ပရိသတ်အားလုံး ပြိုင်တူမေးလိုက်ကြသည်။

" အဲဒီတော့ ... "
အမျိုးသမီးသည် အားလုံးကိုအထင်သေးသည့်မျက်လုံးဖြင့် ကြည့်လိုက်ပြီးပြောသည်။

" ခုနှစ် သုံးလီ ၂၂ မဟုတ်ဘူးလားရှင့် ။ ကဲ "

0 comments: