မြို့  မေ တ္တာ ခံ ယူ တဲ့ သား ပေ မို့ 

နိုင်ငံ တစ်နိုင်ငံ၏ ခေါင်းဆောင်ကြီးသည် မိမိအပေါ် ပြည်သူများ မည်သို့ သဘောထားသနည်းဆိုသည်ကို သိလိုသည်နှင့် မိမိကိုယ်မိမိ ဓါတ်ဆီ လောင်းပြီး သတ်သေလိုက်သည် ဟု သတင်းလွှင့်လိုက်သည်။ကိုယ်တိုင်ကမူ ရုပ်ဖျက်ပြီး မြို့ ထဲထွက်သည် ။မြို့ လည်တစ်နေရာတွင် လူများ ၀ိုင်းအုံနေကြသည်ကို မြင်ရာ တစ်ယောက်ကို လှမ်းမေးသည် ။
"ဘာဖြစ်လို့ လဲဗျ."
"ခင်ဗျား မသိသေးဘူးလား....ကျနော်တို့ ရဲ့ အချစ်ရဆုံး ခေါင်းဆောင်ကြီး ကိုယ့်ကိုကိုယ်မီးရှို့ သတ်သေသွားသတဲ့... ဒါနဲ့ သူ့ ရဲ့ ကျန်ရစ်သူ ဆွေမျိုးသားချင်းတွေကိုကူညီဘို့ ဆိုပြီး ကျနော်တို့  အလှုခံ နေကြတာလေ.."
ခေါင်းဆောင်ကြီး အတော် ကြည်နူးသွားသည် ။
"ခင်ဗျားတို့ ဟာ စိတ်ထား မြင့်မြတ်ကြတဲ့သူတွေပါလား...ဒါနဲ့  အလှူခံတာအတော်ရပြီလား"
"မိနစ်ပိုင်းပဲ ရှိသေးတယ်...ဓါတ်ဆီ ဂါလံ ၅၀ ရပြီ..."

0 comments: