ဓါတုဗေဒဆရာက သူ့ ကျောင်းသားတွေကိုအရက်သောက်ခြင်းရဲု့ဆိုးကျိုးတွေကိုသိရ်အောင် လက်တွေ့ 
စမ်းသပ်မှုတစ်ခုလုပ်ပြတယ်။ သူက အရက်ခွက်တစ်ခွက်၊ ရေခွက်တစ်ခွက်နဲ့ သန်ကောင်နှစ်ကောင်ယူလာတယ်။
'ကဲ တပည့်တို့ ၊ ဒီသန်ကောင်နှစ်ကောင်ကိုသေချာကြည့်ထားနော်' ဆရာကပြောပြီး အရက်ခွက်ထဲကိုတစ်ကောင် ရေခွက်ထဲကိုတစ်ကောင်ထည့်လိုက်တယ် ။
ရေခွက်ထဲကသန်ကောင်က ဂျွမ်းထိုးကခုန်ပြီးပျော်ရွှင်နေတယ်။ အရက်ခွက်ထဲကသန်ကောင်ကတော့
တွန့် လိမ်ကောက်ကွေးပြီး ခဏနေတော့ ငြိမ်သက်သေဆုံးသွားတယ်။
' ကဲ တပည့်တို့ တွေ့ ကြတယ်မဟုတ်လား။ ဒီစမ်းသပ်မှုကို ကြည့်ပြီးဘယ်လို သင်ခန်းစာယူနိုင်သလဲ'
ဂျော်နီလက်ထောင်ပြီးထဖြေသည်။
' အရက်သောက်တဲ့သူတွေမှာ သန်ကောင်တွေမရှိနိုင်ပါဘူးဆရာ'
0 comments:
Post a Comment