ဝတ္ထု

စိတ္တဇဆေးရုံတွင်ဖြစ်သည်။ လူနာတစ်ယောက်က အခြားလူနာတစ်ယောက်ကို မေးသည်။
"ဘယ်နဲ့လဲ။ ငါရေးထားတဲ့ ဝတ္ထု ဖတ်လို့ကောင်းရဲ့လား..."
"အင်း.. ကောင်းတော့ကောင်းတယ်။ ဒါပေမယ့် ဇာတ်ကောင်တွေ များလွန်းတယ်.."
ထိုအချိန်တွင် တာဝန်ကျ ဆရာဝန်၏ အော်သံကို ကြားရသည်။
"ဟေ့ ဘယ်သူ..ဒီစားပွဲပေါ်က တယ်လီဖုန်းဒိုင်ယာရီ စာအုပ်ယူသွားတုန်း..."

0 comments: