နောက်ဆုံးတစ်ခေါက်လောက်

 လူတစ်ယောက် ဆရာဝန်ထံ ရောက်လာပြီး ပြောသည် ။
ဒေါက်တာ..ကျနော့်ကို အိပ်မက်ဆိုးတွေ နှိပ်စက်နေတာ နှစ်လ တိတိ ရှိပြီ..ညတိုင်း ကြွက်တွေ
ဘောလုံး ကစားကြတဲ့ အကြောင်းပဲ မက်နေတယ် ”

“ဒီအတွက် ဘာမှ စိတ်ပူစရာ မလိုပါဘူး..ရော့…ဒီဆေးပြားကို ဒီည သောက်လိုက် ..ဘယ်ကြွက်မှ
ပေါ်လာမှာ မဟုတ်တော့ဘူး..စိတ်ချ”

” ဒေါက်တာ..ဆေးပြားကို မနက်ဖြန်ညမှ သောက်ရင်မဖြစ်ဘူးလား ခင်ဗျာ..”

“ဒီည ဘာဖြစ်လို့  မသောက်ချင်တာလဲ”

“ ဒီညမှာ ဖိုင်နယ်ပွဲ ရှိလို့ ပါ..“

0 comments: