အရှင်မထားဘူး

ဦးလှမောင် ရထားမောင်းသည်။
တစ်နေ့တော့ သူမောင်းတဲ့ရထားက လမ်းချော်ပြီး လယ်ကွင်း ထဲကျသွားလို့
ရထားစီးတဲ့လူတွေဒဏ်ရာ ရကုန်သည်။

မီးရထားကအရာရှိက သူ့ကိုခေါ်ဆူ တယ်။.
`ရထားမောင်းတယ်ဆိုတာ လူအများကြီးရဲ့ အသက်ကို မင်းလက်ထဲမှာ ထည့်ပြီးမောင်းရတာ.. မင်းဘာလို့ ဒီလောက်တာဝန်မဲ့ရတာလဲ´

ဦးလှမောင်ကဖြေတယ်..

`မဟုတ်ပါဘူးဆရာ..ကျွန်တော်ဒီနေ့ ရထားမောင်းလာတဲ့ လမ်းမှာ လူတယောက်က လှဲအိပ် နေတယ်..ကျွန်တော်အဝေးကြီးကနေ
ဥသြတခါဆွဲတယ်..သူမထဘူး..နောက်တစ်ခါဆွဲတယ်..
သူမထဘူး..နောက်တခါထပ်ဆွဲတယ်..သူမထဘူးခင်ဗျ..´

အဲဒါနဲ့ အရာရှိကပြောတယ်..

`သူမထလဲ တက်ကြိတ်လိုက်တော့ပေါ့ကွာ။
.လူတယောက်ထဲ အသက်ကို ငဲ့ပြီး လူအများကြီးပါ တဲ့ ရထားကိုလယ်ကွင်းထဲထိုးချလိုက်တာတော့ ဘယ်ကောင်းမလဲ´

ဦးလှမောင် ပြန်ဖြေတယ်..
`ဟုတ်တယ်.ကျွန်တော်လဲ တိုက်လိုက်တော့မယ်လို့ ဆုံးဖြတ်ပြီး ရထားကို သူ့နားမောင်းလာတဲ့ အခါမှာ သူက လယ်ကွင်းထဲ ဆင်းပြေးသွားလို့..´

0 comments: