စိတ်မဆိုးရဘူးနော်

ရွာတစ်ရွာတွင် တစ်ဦးနှင့်တစ်ဦးအလွန်သံယောဇဉ်ရှိကြသော ငခွေးနှင့်ငကြွက်ဟူသော အရက်သမားသူငယ်ချင်း နှစ်ဦးရှိလေသည်။ တစ်နေ့တွင် ငခွေးသည် ရောဂါကြောင့် သေအံ့မူးမူးအချိန်တွင် ငကြွက်အား ပြောလေသည်။
သူငယ်ချင်းငကြွက်ရယ် ငါသေသွားတဲ့အခါ တင်းကုပ်နောက်နားမှာဖွက်ထားတဲ့ နှစ်ချို့အရက်တစ်လုံးကိုဖော်ပြီး ငါ့မြေပုံပေါ် ဖြန်းပက်ပေးပါကွာ။
အေးပါ ငခွေးရာ။ မင်းနဲ့ငါက သိပ်ချစ်ကြတဲ့သူငယ်ချင်းတွေပဲ ငါလုပ်ပေးမှာပေါ့။ ဒါပေမယ့် အဲသည့်နှစ်ချို့အရက်တွေက ငါ့ကျောက်ကပ်တွေကိုဖြတ်သန်းပြီးမှ မင်းမြေပုံပေါ်ကိုဖြန်းပက်ပေးရင် စိတ်မဆိုးရဘူးနော်။


0 comments: