ငြင်းနေလို့ 

ကျောင်းမှနောက်ကျပြီးပြန်ရောက်လာသော သားကိုအဖေလုပ်သူကအကြောင်းအရင်းကိုမေးရာ အဖွားအိုတစ်ဦးအား လမ်းဖြတ်ကူးရန်ကူညီနေရသဖြင့်ဟုသားကဖြေသည်။
လူမှုရေးစိတ်ဓါတ်ရှိတဲ့သားဟု အဖေကချီးကျူးပြီး သားကိုချောကလက်ဆုချသည်။ နောက်တစ်နေ့ တွင် သားသည် မိမိ အတန်းမှ သူငယ်ချင်းကိုခေါ်လာပြီး မိမိတို့ နှစ်ဦးသား အဖွားအိုကို လမ်းဖြတ်ကူးရန်ကူညီခဲ့ကြောင်းပြောပြသည်။
အဖေလုပ်သူက ချောကလက်တစ်ခုစီ ဆုချလိုက်ပြန်သည်။
နောက်တစ်နေ့ တွင်မူ သားသည် မိမိအတန်းမှ ကျောင်းသားထက်ဝက်ခန့် ဖြင့် အိမ်ရောက်လာကာ အဖွားအိုတစ်ဦးကို လမ်းဖြတ်ကူးနိုင်ရန် ကူညီခဲ့ပြန်ကြောင်းအဖေ့ကိုပြောပြသည်။

" မင်းတို့ လူကများလှချည်လား "
" အဖွားက လမ်းဖြတ်မကူးချင်ဘူးဆိုပြီး အတင်းငြင်းနေလို့ ပါ "

0 comments: