သူမပါဘူး

ကြေးနန်းရုံးတွင်ဖြစ်သည်။ ကြေးနန်းစာရွက်ပေါ်တွင် အဒေါ်ကြီးတစ်ဦးက အောက်ပါအတိုင်းရေးကာ ကြေးနန်းရုံးစာရေးမကိုပေးသည်။

"သမီး နာတာရှာ၊ မြေး အီဗန် နှင့် ပီတာတို့ကိုနှစ်သစ်ကူးဆုမွန်ကောင်းတောင်းလိုက်ပါသည် "

' အားလုံးကိုဆုမွန်ကောင်းတောင်းလိုက်ပါသည်ဆိုရင် ပိုမကောင်းဘူးလားအဒေါ်ရယ် '

" ဟာ .... ဒါတော့မဖြစ်ဘူးတူမရယ် ၊ အားလုံး လို့ ဆိုလိုက်ရင် သားမက်လုပ်တဲ့ကောင်ပါ ပါသွားလိမ့်မယ် "

0 comments: