အကြွေးမဆပ်သူ

ကျောင်းဆရာမက ကျောင်းသားကို မေးသည်။
"ဆိုကြပါစို့။ ငါက မင်းအဖေကို ရူဘယ်ငွေ တစ်ထောင် ချေးလိုက်တယ်။
တစ်လကို ရူဘယ် ၁ဝဝ ပြန်ဆပ်မယ်လို့ သူ ကတိပေးတယ်။ ခြောက်လ
ကြာတဲ့အခါမှာ သူငါ့ကို ဘယ်လောက်ပေးစရာ ကျန်မယ် ထင်သလဲ"
"ရူဘယ်တစ်ထောင်ပါ"
"ဟေ့ မင်းဟာ ရှစ်တန်းရောက်နေတာတောင် သင်္ချာရဲ့ အခြေခံတွေကို
မသိသေးပါလား"
"ဆရာလဲ ကျွန်တော့အဖေ အကြောင်းကို မသိပါဘူး"

0 comments: