အကျင့်ဖြစ်နေပြီလေ

လူမျိုးပေါင်းစုံပါဝင်သော အပျော်တမ်းလေထီးခုန်အဖွဲ့သည် ပထမဆုံးအကြိမ် လေထီးခုန်ရန် လေယာဉ်ဖြင့် တက်လာသည်။

သတ်မှတ်နေရာရောက်သော် သရုပ်ပြဆရာက လေထီးခုန်ရန် အဖွဲ့သားများကို နေရာယူ စေသည်။

အမေရိကန်တစ်ဦး ပထမဆုံးအလှည့်ကျသည်။ သရုပ်ပြ ဆရာက “အဆင်သင့်ပြင်၊ တစ်၊ နှစ်၊ သုံး၊ ဆင်း”ဟု တိုင်ပေးသော်လည်း မဆင်းရဲဘဲ တန့်နေသဖြင့် နောက်မှနေ၍ အနည်းငယ်တွန်းပေးလိုက်ရသည်။

ထို့နောက် အင်္ဂလိပ်၊ ဂျပန်၊ တရုတ် စသဖြင့် တစ်ဦးပြီး တစ်ဦး ခုန်ဆင်းကြရာ တွင် မည်သူမျှ ချက်ချင်း မဆင်းရဲသဖြင့် သရုပ်ပြဆရာက တွန်းတွန်း ချ ပေးလိုက်ရသည်။

နောက်ဆုံး မြန်မာပြည်သား ကိုရွှေအလှည့်ရောက်လာသည်။ သရုပ်ပြဆရာ က တစ်၊ နှစ်၊ သုံးတိုင်ပေး၍ ဆင်းဟု ဆိုရုံရှိသေးသည်။ ကိုရွှေက ခုန် ဆင်းပြီးနှင့်ပြီးဖြစ်သည်။

အဖွဲ့သားအားလုံး မြေပြင်သို့ ဘေးကင်းစွာရောက်ကြသောအခါ သရုပ်ပြဆ ရာက ကိုရွှေနားသို့လာ၍ မေးသည်။
“ပထမဆုံး အကြိမ်မှာ ခင်ဗျားလို မတွန့်မဆုတ် ခုန်ဆင်းသွားတဲ့သူမျိုး ကျွန်တော် တယောက်မှ မတွေ့ဖူးခဲ့ဘူး၊ ခင်ဗျား ဘယ်လို များ ပြင်ဆင်ခဲ့တာလဲ”ဟု မေးသည်။

ကိုရွှေကဖြေသည်မှာ “ကျွန်တော်က မြန်မာပြည်မှာ အမြဲတမ်း ဘတ်စ်ကားပဲ စီးတာလေ။ ဒါကြောင့် ဆင်းဆိုတာနဲ့ အသင့်ဖြစ်နေတာပါ”

0 comments: