တိုက်တန်းနစ် လို ဖြစ်သွားပါပြီ

အတ္တလန်တိတ် သမုဒ္ဒရာတွင် အလွန်ကြီးမားသော ဇိမ်ခံသင်္ဘောကြီးခုတ်မောင်းနေသည်။သင်္ဘောပေါ်လိုက်လာကြသည့် ခရီးသည်များမှာ အထက်တန်းစား သူဌေး များသည် တောက်ပြောင်သောဝတ်စုံများနှင့် ၊ မိန်းမတွေက အကောင်းစား ဂါဝတ်တွေနှင့်။ သူတို့ အားလုံးသင်္ဘော၏ဧည့်ခန်းထဲတွင်ရောက်ရှိနေကြသည်။ ၀ီစကီ၊ မာတီနီ ၊ ရှမ်ပိန်ခွက်တွေကိုယ်စီကိုင်ထားကြသည်။ ထိုအချိန်တွင် သင်္ဘော ကပ္ပတိန်အခန်းထဲဝင်လာပြီး အားလုံးကြားအောင် အော်ပြောသည်။

" သတင်းနှစ်ခုကြေငြာစရာရှိပါတယ်။ တစ်ခုကကောင်းတဲ့သတင်း ၊ နောက်တစ်ခုက မကောင်းသတင်းပါ ။ ဘယ်ကစပြောရမလဲခမျာ "
ပရိသတ်အားလုံးသံပြိုင်တောင်းဆိုလိုက်သည်။

" သတင်းကောင်းကို အရင်ပြောပါ "
"ဟုတ်ကဲ့ ၊ ကျွန်တော်တို့  'အော်စကာ' ဆယ့်တစ်ဆု ရပါတယ် ။

0 comments: