လန်ဒန်မှ သားက အာရပ်သူဋ္ဌေးဖြစ်သူ အဖေထံသို့ စာရေးသည်။
"ချစ်ရတဲ့ ဖေဖေရေ
သားလန်ဒန်မှာ ကျောင်းတက်ရတာ အဆင်ပြေပါတယ်။ လူတွေလည်း ဖေါ်ဖေါ်ရွေရွေရှိပါတယ်။ ဒါပေမယ့် တခြားကျောင်းသားတွေနဲ့ ဆရာ၊ဆရာမတွေ နေ့တိုင်းရထားနဲ့ကျောင်းတက်နေချိန်မှာ သားကအဖေဝယ်ပေးထားတဲ့ Ferrari ပြိုင်ကားကြီးနဲ့တက်နေရတာ ရှက်ဖို့ကောင်းနေတယ်။
ချစ်ရတဲ့သား"
အဖေထံမှ ပြန်စာ
"သားရေ
မင်း ဘဏ်ထဲကို ဒေါ်လာသန်းနှစ်ဆယ် လွှဲပေးလိုက်တယ်။ အဖေ အလုပ်များနေလို့ နားပူနားဆာ မလုပ်နဲ့ကွာ။ မင်းဘာသာမင်းပဲ ရထားတစ်စီး ဝယ်စီးလိုက်တော့။ ဟုတ်လား။
ချစ်တဲ့ ဖေဖေ "
0 comments:
Post a Comment