ဘော်ဒါ အကန့် 

တစ်ညတွင် မိန်းမက အိမ်ပြန်မအိပ်ဘဲ မနက်တွင်မှ ပြန်လာပြီး သူငယ်ချင်းတစ်ယောက် အိမ်တွင် အိပ်သည်ဟု ဆိုသည်။ ယောက်ျားဖြစ်သူက မယုံကြည်သဖြင့် မိန်းမ၏ အရင်းနှီးဆုံး သူငယ်ချင်း ၁၀ ယောက်ကို ဖုန်း ဆက်မေးသည်။ အားလုံးက သူမ မလာခဲ့ကြောင်းဆိုသည်။

တစ်ညတွင် ယောက်ျားပြန်မအိပ်ဘဲ နောက်တစ်နေ့မနက်တွင်မှ ပြန်လာပြီး တူညီသောဆင်ခြေကိုပေးသည်။ မိန်းမက မယုံသဖြင့် သူငယ်ချင်း ၁၀ ယောက်ကို ဖုန်းဆက်မေးရာ ၈ ယောက်က သူ့တို့အိမ်တွင် လာအိပ်သွားကြောင်း အသီးသီးဖြေပြီး ၂ ယောက်က သူမ၏ ယောက်ျားမှာ အိပ်ခန်းထဲတွင်ပင် ရှိသေးကြောင်း ဖြေကြလေသည်။

0 comments: