ကျွန်တော်လူကောင်းဆိုရင်

ငပိုး သည် သင်္ချာအလွန်ညံ့သော ကျောင်းသားတစ်ဦးဖြစ်သည် ဆရာ(မာမီ တေမင်း)က သင်္ချာစွမ်းရည်တိုးတက်လာစေရန်

ငပိုး ကိုပုစ္ဆာများဖိ၍ တွက်စေသည် ဂျွန်ကလေးကလည်း ပုစ္ဆာတွက်တိုင်း မှားမြဲမှားနေရာ...

ဆရာ... ။ “ ဟေ့ငပိုး ရေ... မင်းသင်္ချာတွက်တိုင်း မှားနေတယ်ကွာ ငါကမင်း အမှားတွေများ သင်နေလို့လားကွာ... ။ ”

ငပိုး ... ။ “ မဟုတ်ပါဘူးဆရာ ... ။ ”

ဆရာ... ။ “ ဒါဆိုရင် ဆရာဖြစ်ဖြစ် မင်းဖြစ်ဖြစ် တစ်ယောက်ယောက်တော့ ရူးနေလို့ဖြစ်မှာပါပဲကွာ... ။ ”

နောက်တစ်နေ့ရောက်သော် ငပိုး သည် တက်ကြွသောဟန်ဖြင့် ဆရာထံ စာရွက်တစ်ရွက်ယူလာလေသည်....

ဆရာ... ။ “ ဟေ... ငပိုး ဒါက ဘာစာရွက်ကြီးတုန်းဟ... ။”

ငပိုး ... ။ “ ကျွန်တော်မရူးကြောင်း ထောက်ခံစာပါဆရာ...။”

ဆရာ... ။ “ ဟေ....................။”

0 comments: