ကျောင်းတစ်ခုတွင် ဖြစ်သည်။
မုန့်စားဆင်းချိန်တွင် ကျောင်းသားများ စူးရှကျယ်လောင်စွာ .အော်ဟစ် ရီမောကြသည်။
ဝမ်းသာလွန်း၍ တချို့ ဆိုလျှင် ကခုန်နေကြ၏။
ကျောင်းသားတစ်ယောက်မှာမူ အခန်းထောင့်တစ်နေရာတွင် တရှုပ်ရှုပ်နှင့် ငိုကြွေးနေ၏။
ထိုအဖြစ်အပျက်ကြောင့် အမှိုက်သိမ်းနေသော ကျောင်းသန့်ရှင်းရေးလုပ်သူက ထိုကျောင်းသားအား မေး၏။
” ဘာဖြစ်လို့ ဒီလောက်တောင် ပျော်နေကြတာလဲ ”
” ကျနော်တို့ရဲ့ ကျောင်းအုပ်ကြီး ပြတင်းပေါက်ကပြုတ်ကျလို့ပျော်နေကြတာဗျ ”
” ဒါဆို ခင်ဗျားက ဘာလို့ငိုနေရတာလဲဗျ ”
” သူပြုတ်ကျတာကို ကျနော် မမြင်လိုက်ရလို့ပါ…….အီး…ဟီး..”.









0 comments:
Post a Comment