Showing posts with label ဟာသ စာတို. Show all posts
Showing posts with label ဟာသ စာတို. Show all posts

မှားယွင်းမှု

လူချောလေးတစ်ယောက်မှာ ချစ်စခင်စ ကြင်နာစရည်းစား
အသစ်စက်စက်လေး တစ်ယောက်ရှိတယ်။
သူ့အသည်းလေး မွေးနေ့အတွက် အမှတ်တရဖြစ်အောင်…ဘာလက်ဆောင်ပေး
ရင်ကောင်းမလဲလို့ အသည်းအသန်စဉ်းစားရပါတော့တယ်။
သူ့အချစ်လည်း ပေါ်လွင်ရမယ်။ သူမအတွက်လည်း အသုံးဝင်ရမယ်။
အမှတ်တရနဲ့ ဂန္ဓ၀င်လည်း မြောက်ရမယ်ပေါ့။
ဈေးကြီးတာလည်း မတတ်နိုင်ဘူးပေါ့။
နောက်ဆုံးအကောင်းစား လက်အိတ်ဖြူဖြူလေးတစ်စုံ
ဝယ်ဖို့ကြည်နူးစွာဆုံးဖြတ်လိုက်နိုင်ပါတယ်။
မိန်းမအသုံးအဆောင် ပစ္စည်းဆိုင်ကို သွားမှာမို့ ချစ်သူရဲ့ညီမလေးလည်းပါလာတယ်၊
ဆယ်ကျော်သက် လှလှလေးပါပဲ။
ဆိုင်ရောက်တော့ သူကလက်အိတ်အဖြူလေးတစ်စုံ ၀ယ်တယ်။
ချစ်သူ့ညီမလေးက အောက်ခံဘောင်းဘီ (ပင်တီ) တစ်ထည်ဝယ်တယ်။
ဖြစ်ချင်တော့ ထုပ်ပိုးပေးတဲ့အရောင်းစာရေးမ အမှားကြောင့် ချစ်သူ့ညီမက
လက်အိတ်ရသွားတယ်။
သူလည်း ဖွင့်စစ်ဆေးမနေဘဲ (ပင်တီ) ပါဆယ်ထုတ်နဲ့ စာတစ်စောင် ရေးပြီးစာတိုက်က
ပို့လိုက်တယ်။
စာကတော့…
အသည်းလေး
ကိုယ်ဘာလို့ ဒီလက်ဆောင်ကို ရွေးချယ်ရသလဲဆိုတော့ မင်းနဲ့ကိုယ် ညနေခင်းတွေ
လမ်းလျှောက်ထွက်တဲ့ အခါ မင်းဝတ်လေ့ဝတ်ထ မရှိဘူးဆိုတာ ကိုယ်သတိပြုမိလို့ပဲ။
ကိုယ်က နှိပ်ကြယ်သီးပါတာ ၀ယ်ဦးမလို့ပဲ။
မင့်ညီမက ချွတ်လို့စွတ်လို့လွယ်အောင် အဲ့ဒါကိုပဲ ၀ယ်ဖို့ တိုက်တွန်းတယ်။
ဟုတ်တယ်…သူစွပ်ပြချွတ်ပြတယ်…လှလိုက်တာလေ။
စွတ်ရချွတ်ရတာလည်း လွယ်တယ်။
အရောင်းစာရေးမကတောင် သူမလည်းဒါပဲ ၀တ်ကြောင်းနဲ့ သူကိုယ်တိုင်
ဝတ်ပြချွတ်ပြသေးတယ်။
အတော်ကြည့်ကောင်းပါတယ်။ သူမက အပေအစွန်းလည်း ရေဆေးရုံနဲ့ ပြောင်ကြောင်း
အာမခံတယ်လေ။
ဒီတစ်ခါ ကိုယ်လာရင် မင်းဝတ်ထားတာ မြင်ချင်တယ်။ တွေ့ရင်တော့လား အထပ်ထပ်အခါခါ
နမ်းပစ်မိမှာပဲ။
သောကြာနေ့မှာ ကိုယ်နမ်းဖို့ ဆက်ဆက်ဝတ်ထားနော်…နော်…
အသည်းလေးရဲ့
ကို ...

ဒါလေးတောင်မသိဘူးလား

"ခင်ဗျားနားရွက် ဘယ်ဖက်ကိုဖြစ်လိုက်ရင်ဘာဖြစ်မယ်
ထင်သလဲ"
စိတ်ရောဂါကုဆရာဝန်က လူနာအားမေးလိုက်၏။
"ကျွန်တော်ဘယ်ကြားရတော့မလဲဆရာ"
"ဟုတ်ပြီ၊ ဒါဆိုညာဘက်ပါထပ်ဖြတ်လိုက်မယ်ဆိုရင်ကောဗျာ"
"ကျွန်တော် မမြင်ရတော့ဘူး"
"ဘာလို့လဲ"
"ဆရာကလည်း ကျွန်တော့်မျက်မှန် ဘယ်မှာချိတ်လို့မလဲ "

ကံကောင်းသွားတယ်မှတ်ပါ

တမလွန်ဘ၀မှာ ဂျော့ဘုခ်ျရယ် ၊ ကျွန်တော်တို့ဘဘကြီးရယ် ၊ ဗလာဒီမင်ပူတင်ရယ်
အတူတူတွေ့ပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ သူတို့တစ်နေရာ အရောက်
  လက်ဝါးကပ်တိုင်မှာ ကားစင်အတင်ခံထားရတဲ့ ယေရှုခရစ်တော်နဲ့ တွေ့ပါလေရော။
  အဲဒီမှာတော့ ဂျော့ဘုခ်ျက ယေရှုနားကို တိုးသွားပြီးတော့

  `အရှင် ၊ သားတော်အသက်ရှင်ခဲ့တဲ့ဘ၀မှာ သားတော်က ကံကောင်းခဲ့ပါသလား´
  လို့မေးလိုက်တယ်။
  ယေရှုက `အေး သားတော်ကံကောင်းပါတယ်။ မင်းက အကြမ်းဖက်သမားတွေကို
  နှိမ်နင်းနိုင်ခဲ့လို့ပဲ´ဆိုပြီ
  ပြန်ဖြေလိုက်တယ်။

  ပူတင်လဲ ယေရှုနားတိုးကပ်သွားပြီး `ကျွန်တော်မျိုးကော အသက်ရှင်စဉ်က
  ဘယ်လိုကံကောင်းခဲ့ပါသလဲ´လို့ မေးလိုက်ပြန်တယ်။ ယေရှုက `မင်းလဲ
  ကံကောင်းခဲ့တာပဲ ။ ဘာလို့လဲဆိုတော့ မင်းက တိုင်းပြည်ကို စိတ်တိုင်းကျ
  ပုံဖော်နိုင်ခဲ့လို့ပဲ´ဆိုပြီး ဖြေလိုက်ပါတယ်။

  နောက်ဆုံး ဘဘကြီးကလဲ အားကျမခံဘဲ ယေရှုနားသွားပြီး `ကျွန်တော်ရော ဘယ်လို
  ကံကောင်း ခဲ့ပါလဲ´လို့မေးလိုက်တယ်။ အဲဒီလို မေးလိုက်တဲ့ခဏမှာ
  ယေရှုရဲ့လက်နှစ်ဖက်လုံး လှုပ်သွားတယ်။ ဒါပေမယ့် ကားစင်တင်ခံထားရတာဆိုတော့
  ယေရှုက လှုပ်လို့မရဖြစ်နေတယ်။ ပြီးတော့ ဘဘကြီးကို အံကျိတ်ပြီးပြောလိုက်တယ်။

  `အေး .. ငါ့လက်နှစ်ဖက်လုံး လှုပ်မရတာ မင်းကံကောင်းတယ်မှတ်´ တဲ့။

သူမရှိတော့လို့ 

သင်္ချိုင်းရှိ အုတ်ဂူတစ်ခုရှေ့တွင် ယောင်္ကျားတစ်ယောက် ငိုယိုနေသည်၊ နှုတ်မှလဲ ပြောသည်။
"သူ မသေသင့်ဘူး၊ တကယ်တမ်း သူ မသေသင့်သေးဘူး၊ ငါ အင်မတန် ကံဆိုးပါလား"
ဖြတ်သွားသောသူက ကြင်နာသံတစ်ဝက်၊ စိတ်ဝင်စားသံတစ်ဝက် ဖြင့် မေးသည်။
"ဒီဂူမှာ ခင်ဗျားရဲ့အဖေ၊ ဒါမှမဟုတ် သားကို မြှပ်ထားသလားဗျာ"
"ဟင့်အင်း၊ ကျွန်တော့ မိန်းမရဲ့ ပထမယောက်င်္ကျား"

ကိုယ်ချင်းစာကြည့်ပါ

ဆရာမသည် အတန်းသားများကိုခေါ်ကာ တိရစ္ဆာန်ရုံသို့သွားသည်၊ တိရစ္ဆာန်ရုံသို့ ရောက်သောအခါ ကလေးများသည် မျောက်များရှိရာဘက်သို့ ပြေးသွားကြသည်၊ သို့သော် မျောက်တစ်ကောင်ကိုမှ မတွေ့ချေ၊ သို့နှင့် ဆရာမက တိရစ္ဆာန်ရုံဝန်ထမ်းအား အကြောင်းရင်းကို မေးရာ ဌင်းက ပြောသည်။

"ဒီလိုပါ အခုချိန်ဟာ မျောက်တွေ မိတ်လိုက်တဲ့ အချိန်ပါ။ အခုလူတွေ မမြင်အောင် သူတို့ လှောင်အိမ်ထဲ ၀င်နေကြပါတယ်"

ဆရာမသည် ရှက်သွေးဖြာသွားသည်၊ သို့သော် က္ကုနြေ္ဒကို ဆယ်လိုက်ပြီး ၀န်ထမ်းကိုပြောသည်။

"ဟုတ်ကဲ့ ကျမနားလည်ပါတယ်၊ ဒါပေမယ့်ရှင်၊ ကလေးတွေက သနားပါတယ်၊ သူတို့ခမျာ မျောက်ကို တွေ့ဖူးချင်ကြလွန်းလို့ခဏခဏပူဆာနေတာနဲ့ ကျွန်မအခု ခေါ်လာတာရှင့်၊ ဌက်ပျောသီးတွေ ပစ်ပေးပြီး မျှားခေါ်ရင်ကော သူတို့ ထွက်လာမယ်ထင်သလားဟင်"

တိရစ္ဆာန်ရုံဝန်းထမ်းက ပြန်ပြောသည်။

"ကျနော်တော့ သိပ်မထင်ဘူးဗျ။ ကိုယ်ချင်းစာကြည့်ပေါ့ဆရာမရယ်"

ငါမမှီနိုင်တော့ဘူးကွယ် ..


တခါက အမေရိကန်သမ္မတရယ် ၊ တရုတ်သမ္မတရယ် ၊ ကျွန်တော်တို့ရဲ့ ဘဘကြီးရယ်
  ထာဝရဘုရား သခင်ကို သွားတွေ့ကြသတဲ့။
  ထာဝရဘုရားသခင်က သင်တို့သိလိုရာကို မေးကြပါဆိုတော့ တယောက်ပြီးတယောက်
  မေးကြတော့တာပေါ့။

  ပထမဆုံး အမေရိကန်သမ္မတက မေးတယ်။

  `ဘယ်တော့များမှ အမေရိကန်နိုင်ငံဟာ ကမ္ဘာကြီးတစ်ခုလုံးကို နိုင်ငံရေး ၊
  စစ်ရေးအရ ပြိုင်ဘက်မရှိ လွှမ်းမိုး နိုင်မှာလဲ´တဲ့။ ထာဝရဘုရားသခင်က
  ခေတ္တခန့်စဉ်းစားပြီး ပြန်ဖြေလိုက်တယ်။

  `ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီတော့ဘူး´တဲ့ ။ အမေရိကန်သမ္မတလည်း
  ထာဝရဘုရားသခင် အဖြေ ကိုကြားပြီးနောက် ငိုပါလေရော။
  တရုတ်သမ္မတကလဲ ထာဝရဘုရားသခင်ကို `ဘယ်တော့များမှ တရုတ်ပြည်ဟာ
  ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို လွှမ်းမိုးနိုင်မှာလဲ´တဲ့။

  ထာဝရဘုရားသခင်က ခုနလိုပဲ ခနစဉ်းစားပြီး ပြန်ဖြေလိုက်တယ်။
  `ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီ တော့ဘူး´တဲ့ ။ တရုတ်သမ္မတလဲ
  ငိုပြန်ပါလေရော။

  နောက်ဆုံး ကျူပ်တို့ရဲ့ ဘဘကြီးက အားကျမခံ ထာဝရဘုရားသခင်ကို မေးလိုက်တယ်။
  သူ့မေးခွန်း လဲကြားပြီးရော ထာဝရဘုရားသခင်က ငိုပါလေရော။ သူမေးတာက
  `ဘယ်တော့များမှ ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီ အစစ်အမှန်ရမှာလဲ´တဲ့။

  မျက်ရည်လည်ရွှဲကြားက ထာဝရဘုရားသခင်က ပြန်ဖြေလိုက်တယ်။

  `ဖြစ်တော့ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ငါမမှီတော့ဘူးတဲ့´ .... ။

မထူးနိုင်ဘူး

နေ့လည်စာ စားချိန်ကြီး မီးသတ်ဌာနသို့ အရေးပေါ် တယ်လီဖုန်းဝင်လာသည်။
" ငါးလမ်း မှာ မီးလောင်နေလို့ပါ။ မီးကအရမ်းကြီးနေပြီ "
" ခင်ဗျားတို့ ဘာမှမလုပ်ကြဘူးလား"
" လုပ်ပါတယ် ကျွန်တော်တို့ရေနဲ့ ပက်ကြပါတယ်"
" အဲဒါဆို ကျွန်တော်တို့လာလည်း မထူးဘူး၊ ကျွန်တော်တို့လည်း ရေနဲ့ ပဲပက်မှာ”

ဖောက်သည်မို့ 


ပည့်တန်ဆာမှုနဲ့ စွဲချက်တင်ခံရသည့် မိန်းကလေးတစ်ယောက်ကို တရားသူကြီး
တစ်ယောက်က စစ်ဆေးနေ သည်။

မေး။ ။ နင့် နာမည်ဘယ်လိုခေါ်လဲ။
ဖြေ။ ။ အို ဘာလို့ မေးတာလဲ။ သူ သိသားနဲ့။
မေး။ ။ နင် ပိုက်ဆံယူပြီး ယောကျာ်းတွေကို ဖျော်ဖြေတယ်ဆိုတာဟုတ်သလား။
ဖြေ။ ။ အို မေးပြန်ပြီ၊ သူလည်း လာဖူးတာပဲ။

တရားသူကြီးမှာ ရှက်လာသည်။ သို့နှင့် ဆက်မမေးတော့ပဲ အမှုကို
အမြန်စီရင်ချက်ချလိုက်သည်။
“ပြစ်မှုကျူးလွန်တဲ့အတွက် ငွေဒဏ် (၂၀၀၀) ကျခံစေ။”

မိန်းကလေးက ပြန်ပြောလိုက်သည်။
“ဒါလေးများ - ရပါတယ်။ သူ့အကြွေးထဲက နှိမ်လိုက်ပေါ့။”

ဥာဏ်ကြီးရှင်ဖေဖေ

ရုံးမှာ အချိန်ပိုလုပ်ရသောကြောင့် နောက်ကျမှ ပြန်ရောက်လာသည့် အဖေ ဖြစ်သူကို သားငယ်က မေးသည်။

“လမင်းဟာ ဘာဖြစ်လို့ အကြီးကြီး ဖြစ်နေတာလဲဟင်”

“လမင်း ဟုတ်လား ၊ မသိပါဘူး သားရယ်”

“ကြယ်တွေကျတော့ သေးသေးလေးနော်…. ဘာဖြစ်လို့လဲ ဖေဖေ”

“ကြယ်တွေ ဟုတ်လား၊ အင်း မပြောတတ်ပါဘူးကွာ”

“ဖေဖေ၊ ဘာဖြစ်လို့ ..”

အမေက ၀င်ပြောသည်။

“ဟဲ့သား၊ ဖေဖေ ပင်ပန်းလာတယ်လေကွယ်။ နားပါစေ။ မေးခွန်းတွေ ထုတ်မနေစမ်းနဲ့”

“မေးစမ်းပါစေကွာ၊ ကလေးကို အဖေကမှ မရှင်းပြရင် ဘယ်သူရှင်းပြမလဲ။ မဟုတ်ဘူးလား ။”

ဆုံးဖြတ်ပြီးသားမို့ ပါ

ဦးလှမောင် ရထားမောင်းသည်။
တစ်နေ့တော့ သူမောင်းတဲ့ရထားက လမ်းချော်ပြီး လယ်ကွင်း ထဲကျသွားလို့
ရထားစီးတဲ့လူတွေဒဏ်ရာ ရကုန်သည်။

မီးရထားကအရာရှိက သူ့ကိုခေါ်ဆူ တယ်။.
`ရထားမောင်းတယ်ဆိုတာ လူအများကြီးရဲ့ အသက်ကို မင်းလက်ထဲမှာ ထည့်ပြီးမောင်းရတာ.. မင်းဘာလို့ ဒီလောက်တာဝန်မဲ့ရတာလဲ´

ဦးလှမောင်ကဖြေတယ်..

`မဟုတ်ပါဘူးဆရာ..ကျွန်တော်ဒီနေ့ ရထားမောင်းလာတဲ့ လမ်းမှာ လူတယောက်က လှဲအိပ် နေတယ်..ကျွန်တော်အဝေးကြီးကနေ
ဥသြတခါဆွဲတယ်..သူမထဘူး..နောက်တစ်ခါဆွဲတယ်..
သူမထဘူး..နောက်တခါထပ်ဆွဲတယ်..သူမထဘူးခင်ဗျ..´

အဲဒါနဲ့ အရာရှိကပြောတယ်..

`သူမထလဲ တက်ကြိတ်လိုက်တော့ပေါ့ကွာ။
.လူတယောက်ထဲ အသက်ကို ငဲ့ပြီး လူအများကြီးပါ တဲ့ ရထားကိုလယ်ကွင်းထဲထိုးချလိုက်တာတော့ ဘယ်ကောင်းမလဲ´

ဦးလှမောင် ပြန်ဖြေတယ်..
`ဟုတ်တယ်.ကျွန်တော်လဲ တိုက်လိုက်တော့မယ်လို့ ဆုံးဖြတ်ပြီး ရထားကို သူ့နားမောင်းလာတဲ့ အခါမှာ သူက လယ်ကွင်းထဲ ဆင်းပြေးသွားလို့..

နာဆိုလဲ ဒီလိုပြောမိမလားမသိ ..ေိေိ

လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်ပြီးကာစတွင် အိမ်ရှေ့မှ လူခေါ်ခေါင်းလောင်းသံ မြည်လာသည်။

ယောက်ျားလုပ်သူက တံခါးသွားဖွင့်ပေးသည်။

အပြင်တွင် ဓားမြှောင်ကိုင်ထားသော မျက်နှာဖုံးစွပ် လူတစ်ဦး ရပ်နေသည်။

ပြီးတော့ အသံအက်အက်ကြီးဖြင့် ယောက်ျားလုပ်သူအား ပြောသည်။

" ကျုပ်က လူသတ်သမားပဲ။ မိန်းမတွေကို လည်လှီးပြီး သတ်ပစ်ချင်တယ် "

ယောက်ျားဖြစ်သူက ထိုလူအား ဘာမှပြန်မပြောတော့ဘဲ အိမ်ထဲသို့ လှမ်းအော်သည်။

" မိန်းမရေ၊ ဟောဒီမှာ မင်းနဲ့တွေ့ချင်လို့တဲ့။ ဧည့်သည် လာတယ်ဟေ့။ "

ဝါသနာရှင်

စိတ်ရောဂါကုဆေးရုံတွင်ဖြစ်သည်

ကုသမှုကောင်းစွာခံယူပြီးသော လူနာမောင်တောက်ထိန်အား ဆရာဝန်ကြီးမှ ခေါ်ယူတွေ့ဆုံမေးမြန်းနေသည်...

"ကဲ မောင်အာကာ.. မင်း ကို ကုတာ လည်း ဆယ်လ၀န်းကျင်ရှိပြီ မင်းလည်း အကုန်လုံးကောင်းနေပြီ.... ဒီတော့ မင်းကို ဒီဆေးရုံကနေဆင်းခွင့်ပေးတော့ မယ်.. မင်းငါ့ကို ဖြေပေးရမှာက.... ဒီဆေးရုံကနေဆင်းရင်မင်း ဘာလုပ်မလဲ"

" ကျွန်တော် ပြတင်းပေါက်မှန်တွေကို လေးခွနဲ့ လိုက်ခွဲပါမယ်.... "

ဆရာဝန်ကြီးလည်း ခေါင်းတခါခါ ဖြင့် မောင်အာကာ အား ဆေးဆက်ကုရန်.... လက်ထောက်ဆရာဝန်ကို ညွှန်ကြားလိုက်သည်....

နောက်ခြောက်လခန့် အကြာထိုသို့ ပင်
မောင်အာကာကို ထပ်မေးသည်....

" မင်းကို ဆေးရုံက ပေးဆင်းတော့ မယ်... ဆေးရုံက ဆင်းဆင်းချင်း မင်း ဘာလုပ်မလဲ "

" ကျွန်တော် ပြတင်းပေါက်မှန်တွေကို လေးခွနဲ့ လိုက်ခွဲပါမယ်.... "

ဆင်းခွင့်ပြု၍ မရသေးဟုသတ်မှတ်ပြီး ဆေးဆက်ကုသည်...

နောက်ခြောက်လ အကြာတွင် ထပ်မေးတော့ လည်း ထိုအဖြေပဲပေးပြန်သည်...

ဆရာဝန်ကြီး မောင်အာကာ လက်လျှော့ ရမလိုဖြစ်နြေ့ပီ....

သို့ နှင့် နိုင်ငံတကာ မှ စိတ်ရောဂါကု ဆရာဝန်ကြီးများ ထံ အကြောင်းကြားစာပို့ ပြီး .... မောင်တောက်ထိန်၏ရောဂါကို တင်ပြသည်...

ဆရာဝန်ကြီးများ ကလည်း စိတ်ဝင်စားသည်... ထို့ ကြောင့် ထိုဆေးရုံသို့ ဆရာဝန်ကြီးများ ရောက်လာကြသည်....

မောင်အာကာ အား အပြည်ပြည်ဆိုင်ရာ ဆရာဝန်ကြီးများ ၀ိုင်းရွေ့ ထိုင်နေသည်..

မောင်အာကာအား ကုသသော ဆရာဝန်ကြီး မှ ယခင်အတိုင်းပဲ ပြန်မေးသည်...

" မောင်အာကာ မင်းကို ဒီဆေးရုံက ပေးဆင်းတော့မယ်.... မင်းဆေးရုံက ဆင်းဆင်းချင်း .. ဘာလုပ်မလဲ

မောင်အာကာ တစ်ချက်စဉ်းစားလိုက်သည်...

"ကျွန်တော် .... ကျွန်တော့ ချစ်တဲ့ ကောင်မလေးဆီသွားမှာပေါ"့

အဖြေပြောင်းသွားပြီ ဆရာဝန်ကြီးသဘောကျသွားသည်တိုးတက်လာပြီဟု ထင်သည်...

" အေး ဟုတ်ပြီ... ကောင်မလေးနဲ့ တွေ့ရင် ဘာလုပ်မလဲ"

"ကျွန်တော်သူ့ နုတ်ခမ်း ဖူးဖူး လေးကို တေ့စုပ်နမ်းရှုံလိုက်မယ်

ဆရာဝန်ကြီးများ စိတ်ဝင်စားသွားသည်...

"အင်း ကောင်းတယ် .. မင်းပြီးရင် ဘာလုပ်မလဲ"

" သူမရဲ့ ပေါ်အင်္ကျီလေးကို ချွတ်လိုက်မယ်လေ... "

" ဟုတ်ြ့ပီ .. မင်း ပြီးရင်ဘာဆက်လုပ်မတုံး ... "

" သူမက မီနီစကတ်လေးတွေ ၀တ်လေ့ရှိတယ်... ဒီတော့ မီနီစကတ်ကလေးကို ဇစ်ကို ဆွဲချပြီး ဖြေးဖြေးချင်းချွတ်လိုက်မယ်."

ဆရာဝန်ကြီးများ ချွေးပြန်နေပြီ.... တံတွေး မျိုချသံပင်ကြားနေရသည်...

" အဲဒါပြီးရင်ရော မင်းဘာဆက်လုပ်မလဲ"

" သူမက ဘရာ သေးသေးလေးတွေ ၀တ်တတ်တယ်.. .သူမရဲ့ ဘရာကို ဆွဲချွတ်ချလိုက်မယ်... "

" အင်း.. ဂလု..... ပြီးရင်ရောကွာ"

" ပြီးရင်..... သူမရဲ့ အတွင်းခံဘောင်းဘီလေးပဲကျန်တာလေ.. အဲဒါလေးကို လဲ ချွတ်ချလိုက်မယ်..... "

ဆရာဝန်ကြီးတစ်ယောက်မှ မစောင့်နိုင်တော့ ပဲဝင်မေးသည်..

" ကဲ ဒါဆို မင်းဘာဆက်လုပ်မလဲ ပြောစမ်းကွာ ... မြန်မြန်"

" အင်.. ဘာဆက်လုပ်ရမှာလဲ အတွင်းခံဘောင်းဘီက သရေကြိုးကို ဖြုတ်.. လောက်လေးခွမှာ တပ်ပြီး ပြတင်းပေါက်မှန်တွေကို လိုက်ခွဲမှာပေါ့ဗျ..ဟား ဟား"

ဆုံးမစာ


အဆင်သင့်ရှိနေတာ


သံသယ

လူ့ သဘာဝ


တော်သေးလို့ 


နည်းလမ်းတကျ အတွေးခေါ်


ယဉ်ကျေးမှုဝန်ကြီးမသိသော သူ

အိမ်ထောင်ဦးစီး