ဦးညဏ်ကောင်း

အဖေ ။ ။ ငါရွေးထားတဲ့ မိန်းကလေးတစ်ယောက်နဲ့ မင်းကို လက်ထပ်ပေးမယ်။
သား ။ ။ သား ဘာသာ သားရွေးချင်တယ်အဖေ

အဖေ ။ ။ ကောင်မလေးက ဘီလ်ဂိတ်ရဲ့ သမီးနော်
သား ။ ။ ဒါဆိုရင်တော့ အဖေ့သဘောပါဗျာ

နောက်နေ့မှာ အဖေက ဘီလ်ဂိတ်ဆီကို သွားတယ်။

အဖေ ။ ။ ခင်ဗျားသမီးနဲ့ လက်ထပ်ဖို့ ကျွန်တော့်မှာ ကောင်လေးတစ်ယောက်ရှိတယ်။
ဘီလ်ဂိတ် ။ ။ ကျွန်တော့်သမီးက လက်ထပ်ဖို့ သိပ်ငယ်ဦးမယ်ဗျာ

အဖေ ။ ။ ဒါပေမယ့် အဲဒီကောင်လေးက ကမ္ဘာ့ ဘဏ်ရဲ့ ဒုတိယဥက္ကဌလေးပါကွ
ဘီလ်ဂိတ် ။ ။ ဒါဆိုရင် တော့ဖြစ်ပါပြီဗျာ

နောက်ဆုံးမှာ အဖေဟာ ကမ္ဘာ့ ဘဏ်ရဲ့ဥက္ကဌကို သွားတွေ့ခဲ့တယ်။

အဖေ ။ ။ ခင်ဗျားတို့ ကမ္ဘာ့ ဘဏ်မှာ ဒုတိယဥက္ကဌအဖြစ်ခန့်အပ်ဖို့ သင့်တော်တဲ့သူ ကို ငါရှာတွေ့ထားတယ်။
ဥက်ကထ ။ ။ ငါလိုအပ်တဲ့ ဒုတိယဥက္ကဌကို ရွေးထားပြီ

အဖေ ။ ။ အဲဒီကောင်လေးက ဘီလ်ဂိတ်ရဲ့ သားမက်နော်
ဥက်ကထ ။ ။ ဒါဆိုရင်တော့ ဖြစ်ပါတယ်

0 comments: