ဟာ . . သွားပြီ

ဆရာကို စော်ကားမိလို့ ကျေးညိုတစ်ယောက်ကွယ်လွန်တော့ ငရဲကျလာတယ်။

ယမမင်းက သူ့ကို ပြောတယ်… …
“ဒီမှာ ငရဲ ၃မျိုးရှိတယ်၊ ငါလိုက်ပြမယ်၊ မင်းကြိုက်ရာရွေး”
...ဆိုပြီး လိုက်ပြတယ်။

ပထမပြတဲ့ငရဲက မစင်ပုပ်ငရဲ…
အဲဒီမှာ ငရဲကျခံနေရတဲ့လူတွေဟာ ခါးလောက်ထိနစ်တဲ့ မစင်ပုပ်တွေထဲမှာ မတ်တပ်ရပ်နေတာကို တွေ့ရတယ်။
ဆိုတော့ ကျေးညိုက ငြင်းတာပေါ့… …
“အား… တော်ပြီ ဒီငရဲတော့ မရွေးဘူး”
“ဒါဆိုလည်း နောက်တခုထပ်ပြမယ်”

ဒုတိယပြတဲ့ငရဲကလည်း မစင်ပုပ်ငရဲပဲ။
အဲဒီမှာ ငရဲကျခံနေရတဲ့လူတွေဟာ လည်ပင်းထိနစ်တဲ့ မစင်ပုပ်တွေထဲမှာ မတ်တပ်ရပ်နေတာကို တွေ့ရတယ်။
ဒါကိုလည်း ကျေးညိုက ငြင်းတယ်
“အား… ပိုဆိုးတယ်၊ ဒီငရဲလည်း မရွေးဘူး”
“ဒါဆိုလည်း နောက်တခုထပ်ပြမယ်”

နောက်ထပ်ပြတဲ့ ငရဲကလည်း မစင်ပုပ်ငရဲ ပါပဲ
ဒါပေမယ့် ဒီငရဲမှာ ကျခံနေရတဲ့လူတွေကတော့ ပေါင်လည်လောက်ထိမြုပ်နေတဲ့ မစင်ပုပ်တွေထဲမှာ မတ်တပ်ရပ်ပြီး လ္ဘက်ရည်သောက်ရင်း ကိတ်မုန့်တွေစားနေတာကို တွေ့ရတယ်။

ဆိုတော့ ကျေးညိုက ဒီငရဲကိုပဲ ရွေးလိုက်တယ်။
ဒါနဲ့ သူ့ကိုအဲဒီငရဲတွင်းထဲ ချလိုက်တယ်။
သူလည်း အများနည်းတူ လ္ဘက်ရည်လေးသောက်ပြီး ကိတ်မုန့်လေးစားမလို့ လုပ်တုန်းရှိသေးတယ်
ငရဲသားတန်းစီးတစ်ယောက်က ဝီစီမှုတ်ပြီးအော်တယ်… ….

“တွီ တွီ တွီ… ကဲ လ္ဘက်ရည်သောက် နားချိန်စေ့ပြီ၊ အားလုံးပဲ ခေါင်းတွေ ပြန်နှစ်ထားမယ်”
“ဂျာ…”

0 comments: