ကမ္ဘာကျော် လျှောက်လဲချက်

လူသတ်တရားခံအမျိုးသားကို အမှုစစ်ရဲသားတစ်ယောက်ကအချုပ်ခန်းထဲ တွင် အမှုစစ်ဆေးမေးမြန်းနေသည်။

အမှုစစ်။      ။ မင်း ဒီသေသွားတဲ့လူကို သေနတ်နဲ့ ပစ်သတ်လိုက်တာလား။
တရားခံ။     ။ ဟင့်အင်း ကျွန်တော် မသတ်ပါဘူး။
အမှုစစ်။     ။ ဟဲ့ကောင် မင်း ဟာက သက်သေအတိအကျနဲ့မိနေပြီဆိုတာ မင်း ဘာကိုလာငြင်းနေသေးတာလဲ။
တရားခံ။      ။ ဆရာရယ် ကျွန်တော်မငြင်းပါဘူး။
အမှုစစ်။     ။ ဒါဆို မင်းဘာကို ပြောတာလဲ။
တရားခံ။       ။ ကျွန်တော် သေနတ်နဲ့ပစ်သတ်လိုက်တာမဟုတ်ပါဘူး။ ဒီလိုပါ။ ကျည်ဆန်က သူ့ကို ပစ်သတ်လိုက်တာပါ။ အဲ့ဒီကျည်ဆန်က ဘယ် ကလာလဲဆိုရင် ခဲ ကဖြစ်လာတာပါ။ ခဲက မြေကြီးထဲကရတာပါ။ မြေကြီးဆို တာက သဘာဝအတိုင်းဖြစ်လာတာပါ။ ဒါ့ကြောင့် သူသေတာက သဘာဝအတိုင်းသေဆုံးသွားတာပါ။

0 comments: