လက်တွေ့ ကြုံမှယုံတော့တယ်

" အမည် "
" ဦးပီတာ "
" ဘယ်လိုသေ "
" လေယာဉ်ပျံတိုက်သေ "
" ဘယ်လို ! .... ငရဲမင်းကို လိမ်လည်မှု ပစ်မှု ဘယ်လောက်ကြီးတယ်ဆိုတာ မင်းသိတယ်နော် .. "
" ဟုတ်... လုံးဝ မလိမ်ရပါ .. ဒါပေမယ့် ကျွန်တော် ဆိုင်ကယ်စီးလာပါတယ်။ "
" ဘာ ! ... ဆိုင်ကယ်စီးတဲ့ကောင်နဲ့ လေယာဉ်ပျံနဲ့ တိုက်တယ်ဆိုတာ ရုပ်တိမရှိဘူးကွ.. လိမ်ရင်လဲ ကြည့်ကြပ်လိမ်ပါကွာ.. "
စကားပြောနေတုန်းမှာပဲ .. ဖုန်း..ဒိုင်း.. ဂွမ်း..... ! ဂလုံ ဂလုံ
ငရဲခန်း တစ်ခုလုံး ဗုံးပေါက်ကွဲထားသည့်အတိုင်း စုတ်ပြတ်သတ်သွား၏ ..
ထိုနောက်
" အဟွတ် ဟွတ် ... " ဆိုသည့်အသံနှင့်
ငရဲမင်းကြီး မီးခိုးလုံးထဲမှ ထွက်လာ၏
ကြာဇံ မီးတူးသွားသည့်အလား ဖောင်းပွပွ ဖြစ်နေသော ဆံပင်နှင့် ငရဲမင်းကြီးမှာ.
" ဘယ်ကောင်လဲကွ ငရဲပြည်မှာ လာပြီးရမ်းကားတာ.. !!!
*xx ငါ..မ...တားး ေ-ြး x #$$ ေ-ာက္ @ .. #$@ #‪#‎xxx‬ #!@$# ေ-. ဘေး. @@# "
ငရဲခန်းတစ်ခုလုံး ... ဆဲသံ ဆူသံများ နှင့် ညံသွားလေ၏
ထိုနောက် မရဲတရဲ နှင့် ငရဲသား တစ်ယောက်က
"အာစရိ.. မြန်မာ့လေကြောင်း လေယာဉ် .. လမ်းကြောင်းလွဲလာတယ်လိုပြောတယ်.. ခင်ည "

0 comments: