ငါတို့ ကံကောင်းလို့ 

ကားတစ်စီး အရှိန်ပြင်းစွာမောင်းနှင်လာလေသည်။
လမ်းကွေ့တစ်ကွေ့တွင် ရုတ်တရက်ကွေ့လိုက်ရာ လမ်းအလယ်တွင် လယ်သမားနှစ်ယောက်စကားရပ်ပြောနေသည်ကိုမြင်၍ ဘေးကို ဆွဲချလိုက်ရာ ကားလမ်းနံဘေးရှိ လယ်ကွင်းထဲသို့ နှစ်ပါတ်သုံးပါတ် လိမ့်သွားလေသည်။ ထိုမြင်ကွင်းကိုကြည့်၍ လယ်သမားတစ်ဦးသည် ရင်ဘတ်ကိုဖိ၍ပြောလိုက်သည်မှာ

"ဘုရား ဘုရား ငါတို့နှစ်ယောက်ကံကောင်းလို့
အစော က တို့လယ်ကွင်းထဲမှာ ရပ်နေကြသေးတယ်နော့"

0 comments: