လူလည်

ရန်ကုန် မန္တလေး အမြန်ရထားပေါ်မှာ တောသားအဘိုးကြီးတစ်ဦး နဲ့ ခေတ်လူငယ်လေးတစ်ယောက်ဖြစ်သူတို့ ဟာ

ခုံတစ်ခုမှာ အတူတူခရီးသွားဖြစ်ကြတယ် ။ ဘူတာ သုံးလေး ခုလောက်ကြတော့ ခရီးသွားမိတ်ဆွေတွေဖြစ်သွားကြတယ်။

ကောင်လေးက သူ့မှာဗဟုသုတ အများကြီးရှိကြောင်းသိပ်ကြွားချင်တယ်။ အဘိုးကြီးက တောသူဌေးမှန်းလဲသိထားတယ်။

ဒီတော့ သူလဲကြွားပြီးသားလဲဖြစ် အဘိုးကြီးဆီကငွေလဲရပြီးသားဖြစ်အောင်အကြံတစ်ခုထုတ်သတဲ့—

“အဘ -ရထားက အကြာကြီး စီးရဦးမှာဆိုတော့ ပျင်းဘို့ကောင်းတယ် – အဘနဲ့ ကျွန်တော် ဗဟုသုတမေးခွန်းလေးတွေမေးရအောင် –

ပိုပြီးလေးလေးနက်နက်ဖြစ်သွားအောင် —-မဖြေနိုင်တဲ့သူက တစ်ထောင်ပေးကြေး“

“မလုပ်ပါနဲ့ ငါ့တူရယ်– အဘက ဗဟုသုတ မရှိပါဘူး“

“ဟာ– အဘကလဲ –ကျွန်တော့ထက်အသက်အများကြီး ကြီးတာ–ပိုသိမှာပါ–ဒီလိုလုပ် အဘမဖြေနိုင်ရင် တစ်ထောင် ပေး၊

ကျွန်တော်မဖြေနိုင်ရင် နှစ်ထောင်ပေးမယ်“

“မလုပ်ပါနဲ့ငါ့တူရယ်– အဘကစာတတ်တာမဟုတ်ဘူး“

“ ———————– တစ်ထောင် –သုံးထောင်ဗျာ “

“ မလုပ်ပါနဲ့ ————-“

“———————— တစ်ထောင် — လေးထောင်ဗျာ“

“မလုပ်ပါနဲ့—————-“

“————————-တစ်

ထောင် — ငါထောင်ဗျာ“

“————————–“

“————————-“

“ ကဲ အဘရာ– အဘမဖြေနှိင်ရင်တစ်ထောင်ပေး -ကျွန်တော်မဖြေနိုင်ရင် အဘကိုတစ်သောင်းပေးမယ်“

အဲဒီကျတော့ အဘိုးကြီးလဲစိတ်မရှည်တဲ့လေသံနဲ့………………

“ကဲ — မင်းဒီလောက်တောင် အာသီသပြင်းနေမှတော့ မေးကွာ“

လူငယ်လဲ တော်တော်ပျော်သွားတယ်– သူမေးတာအားလုံးအဘိုးကြီးမဖြေနိုင်ဘဲ –

အဘိုးကြီးမေးတာလောက်တော့ သူအေးဆေးဖြေနိုင်မယ်လို့ယုံကြည်ထားတယ်–

“အခုသုံးနေတဲ့ လျှက်စစ်မီးကို ဘယ်သူစတီထွင်ခဲ့တာလဲ အဘ“

“အဘ မသိဘူး —– ရော့ -အင့် တစ်ထောင် “

“အယ်ဒီဆင် ဆိုတဲ့ဗြိတိသျှ လူမျိုးတစ်ဦးပေါ့ အဘရဲ့ ဟား ဟား ဟား ဟား “

“ကဲ အဘမေးမယ့်အလှည့်“ လို့ လူငယ်ကစပ်ဖြီးဖြီး နဲ့ အလှည့်ပေးတယ်–

“အကောင်တစ်ကောင်ဟာ သစ်ပင်ပေါ်တတ်သွားတယ် — တတ်တုံးကတော့ ချေလေးချောင်းပါတယ်–

ပြန်ဆင်းလာတော့ချေရှစ်ချောင်းဖြစ်သွားတယ် — အဲဒါဘာအကောင်လဲ ”

“ဗျာ”

လူငယ်ဟာ ခေါင်းကုတ်ပြီးစဉ်းစားတယ်– မေးပွတ်ပြီးစဉ်းစားတယ်–ချွေးပြန်အောင် ဘယ်လိုမှကိုစဉ်းစားမရတော့ တဲ့အဆုံး—

“ထူးဆန်းတယ် အဘရယ် — ကျွန်တော်လည်း ဘယ်လိုမှစဉ်းစားလို့မရဘူး“

“စဉ်းစားလို့မရ ရင် တစ်သောင်းပေး“

လူငယ်ဟာ –ဖင်ကုတ်ခေါင်းကုတ် လုပ်ပြီး ငွေတစ်သောင်းပေးလိုက်ရတယ်–ပြီးမှ

“အဲဒါ ဘာကောင်လဲဟင် အဘ “

“ အဘလဲ မသိဘူး ရော့ အင့် တစ်ထောင် “

0 comments: