တိုးတိုးလေးပြောဖို့မလိုပါ

အသက်အရွယ်ရပြီး နားလေးနေသော သူဌေးကြီးတစ်ယောက်သည်
နေပူစာလူံလျက်ရှိသည်။ ထိုစဉ် အခိုင်းအစေ ကောင်ကလေး ရောက်လာပြီး
နံနက်စာပြင်ပီးကြောင်း လာပြောလေသည်။ သို့သော် လုံးဝမကြားပေ။
ကောင်ကလေးက အော်၍ ထပ်ပြောလေသည်။ ထိုအခါလည်း သူဌေးကြီးက
မကြားပေ။ ထို့ကြောင့် နားနားကပ်၍ အတင်း အော်၍ ပြောလိုက်သည်။
"နံနက်စာရပြီ ခင်ဗျ"
သူဌေးကြီးကလဲ စိတ်ဆိုးမာန်ဆိုးနှင့် ကြိမ်းမောင်းလိုက်သည်။
"လျှို့ဝှက်စရာမှ မဟုတ်တာ ဘာဖြစ်လို့ နားနားကပ်ပြီး တိုးတိုး
ကလေး ပြောရတာလဲကွ"

0 comments: