အချစ်ရေကိုယ့်ကြောင့်

အသဲအသန်ဖြစ်နေတဲ့ မိန်းမရဲ့ ကုတင်ဘေးမှာ ယောက်ျား ဖြစ်သူက လက်ကလေးဖွဖွ ကိုင်ပြီး နှစ်သိမ့်နေသည်။

ထိုအခါ…..

မိန်းမ။ ။ကျွန်မရဲ့နောက်ဆုံးအချိန်မှာ ရှင့်ကို ဝန်ခံသွားချင်တယ်။

ယောက်ျား။ ။မပြောပါနဲ့ အချစ်ရယ် ကိုယ် အားလုံးသိပါတယ်။

မိန်းမ ။ ။ပြောပါရစေ ရှင်ရယ် ကျွန်မ အဲ့ဒီလိုမှ ဝန်မခံ ခဲ့ ရင် အသေဖြောင့်မှာ မဟုတ်ဘူး။

ယောက်ျား။ ။ဒါဆိုလည်းပြောလေ။

မိန်းမ။ ။ကျွန်မလေ ရှင့်ကွယ်ရာမှာ ဖောက်ပြန်ခဲ့မိပါတယ်။

ယောက်ျား။ ။ အဲဒါတွေသိလို့ အခုလို အစာထဲ အဆိပ်ခတ်လိုက်တာပေါ့ကွာ။

0 comments: