ဘယ်လိုလူလဲ

စစ်အတွင်းက

တဲစုတ်ကလေးတစ်ခုရှေ့တွင် မာစီးဒီးကားသစ်တစ်စီး ထိုးရပ်လိုက်သည်။ ကားထဲမှအကောင်းစားဝတ်စုံကို
ဝတ်ထားသော အသက်၄၀အရွယ်ခန့်ရှိလူတစ်ယောက်ထွက်လာသည်။ တဲရှေ့တွင် မြေကိုတူးဆွနေသော အဘွားကြီးထံလျှောက်သွားပြီးမေးသည်။
“မင်္ဂလာပါ အဘွား၊စစ်အတွင်းက အပြာနုရောင်ကုတ်အင်္ကျီအစုတ်ကလေးကိုဝတ်ထားတဲ့ ဂျူးချာတိတ်ကလေး တစ်ယောက်ကို အမျိုးသမီးတစ်ယောက် တဲမှာဝှက်ပေးခဲ့တယ်။ အဲ့တဲဟာ ဒီတဲလားဟင်။´´
“ဟုတ်တယ် သားအဲ့ဒီ အမျိုးသမီးဟာအဘွားပဲ၊သားဘာဘာကိစ္စမေးတာလဲ။´´
“အဲ့ဒီကုတ်အင်္ကျီကို ပြန်လာယူတာပါ။´

0 comments: