ကွန်ပျူတာ ဟာသ

ကွန်ပျူတာ ပညာရှင် နှင့် အင်တာဗျူး အမေး အဖြေ လေးပါ။
မေး။  ။ကွန်ပျူတာ မှာ ဗိုင်းရပ်စ်တွေ မဝင်အောင်ဘယ်လိုကာကွယ်ရမလဲ ဆရာ......
ဖြေ။  ။ကွန်ပျူတာကို ပိတ်ထားပါ...ပိုပြီးသေချာအောင် ကွန်ပျူတာ မီး ပလပ်ကိုပါ ဖြုတ်ထားလိုက်ပါ။

မေး။  ။ကွန်ပျူတာထဲဗိုင်းရပ်စ်ဝင်လာပြီဆိုရင် ဘယ်လိုရှင်းထုတ်ရသလဲ ဆရာ.....
ဖြေ။  ။hard disk ကိုဖြုတ်ထားလိုက်ပါ...ပြီးရင် ရေနွေး ပူပူထဲထည့်ပြုတ်ပါ၊ပိုပြီးသေချာအောင် တူနဲ့ပါထုလိုက်ပါ။
မေး။  ။အင်တာနက် ကဖေး ဆိုတာ ဘာလဲ ဆရာ...
ဖြေ။  ။အင်တာနက် ကဖေး ဆိုတာ အင်တာနက် အသုံးပြုခနဲ့ နေ့တွက်မကိုက်လို့ ကော်ဖီပါတွဲ ရောင်းရတဲ့ အင်တာနက်ဆိုင် ထင်ပါရဲ့။
မေး။  ။အွန်လိုင်းဆိုတာကရော ဘာလဲဆရာ...
ဖြေ။ ။အွန်လိုင်း ဆိုတာ အွန်စော ရဲ့ ညီမ ပေါ့ကွယ်...။  ။

0 comments: