ဒါမျိုးမလုပ်သင့်ဘူး

ရှေးအခါတုန်းက အညာကျေးလက် ရွာတစ်ရွာတွင် ဘအေးနှင့်မိတော ဇနီးမောင်နှံနှစ်ဦး ရှိလေသည်။
ဘအေးသည် အမည်နှင့်လိုက်အောင်ပင် အေးသည်။ ရိုးလည်း ရိုးသည်။
သူ့ဇနီး မိတောကိုလည်း အလွန်ချစ်၏။
တစ်နေ့သော် ဘအေးသည် ရွာလယ်လမ်းမအတိုင်း တရှူးရှူးတရှဲရှဲနှင့်လျှောက်၍ လာလေသည်။
လမ်းတွင် ရွာဆော်ဦးဖိုးတုတ်နှင့်တွေ့၍ ဦးဖိုးတုတ်က-
"ဟဲ့-ဘအေး၊ တရှူးရှူးတရှဲရှဲနဲ့ ဘယ်လိုဖြစ်လာတာလဲဟ"ဟုမေးရာ-
ဘအေးက-
"ဟာဗျာ-ပြောပဲ မပြောချင်ပါဘူး။ ကျုပ် မိတောနဲ့ခွာပြဲလာတယ်လေ"ဟုဆို၏။
ဦးဖိုးတုတ်က-
"နေပါဦး၊ ဟဲ့-ဘအေးရ မင်းတို့ဟာက ဘယ်လိုဖြစ်လာကြတာလဲ"ဟု တအံ့တသြမေးလိုက်၏။
ဘအေးက ဒေါသတကြီးနှင့်-
"ကျုပ် ဒီနေ့ တောထဲက ပြန်လာတော့ အိမ်ခန်းထဲမှာ မိတောနဲ့ဖိုးထောင်ကို တွေ့တယ်၊ မိတောက ဖိုးထောင်ပေါင်ပေါ်မှာ ထိုင်နေတယ်။ ဒါနဲ့ ကျုပ်က ဒါဘာလုပ်တာလဲလို့ မေးလိုက်တယ် ဒီတော့ မိတောက ဘာလုပ်နေတာလဲ မမြင်ဘူးလားလို့ ပြန်အော်တယ်လေ။"
" တစ်ကယ်ဆို တစိမ်းဧည့်သည်ရှေ့မှာ ကျုပ်ကို ဒီလို ပြန် ပြောရမလားဗျာ…"

0 comments: