အချစ် ဒေါက်တာ

ပန်းခြံရှိ ခုံတန်းရှည်တစ်ခုတွင် ချစ်သူနှစ်ဦးထိုင်နေကြသည်။
ကောင်မလေး က ညုတုတု အသံဖြင့်ပြောသည်။
"ဘယ်ဘက်ပါး ဘာဖြစ်မှန်းမသိဘူး၊နာသလိုလို ပဲ မောင်"
ကောင်လေးက ပါးကိုနမ်းလိုက်ပြီး မေးသည်။
"အခုရော နာသေးလား"
"မနာတော့ဘူး မောင်"
မိနစ် အနည်းငယ်ကြာသွားသည်။
"ဟင်း၊ဒီလည်ပင်းကလည်းဘာဖြစ်မှန်းမသိဘူး၊ကိုက်ချင်လာတယ်"
ကောင်လေးက ကောင်မလေး၏ လည်တံကို ဖွဖွ လေး နမ်းလိုက်သည်။
"အခု နာသေးလား"
"ဟင့်အင်း"
မနီးမဝေးက အခြားခုံတန်းရှည်တွင်ထိုင်နေသော ပင်စင်စားအဖိုးကြီးက လူငယ်နှစ်ဦး ချစ်ကြည်နူးနေသည်ကိုကြည့်ပြီး အမြင်ကတ်ကတ် နဲ့ ပြောလိုက်သည်။
"ဒီမှာ ငါ့တူ၊အဘရဲ့ လိပ်ခေါင်းရောဂါကိုရော ပျောက်အောင် မကုတတ်ဘူးလားဟင်"
"အဘ ကျေးဇူးမမေ့ပါဘူး"တဲ့။     ။

0 comments: