မှားနေပြီ

တိုက်ပွဲအတွင်း ဗုံးသံ၊ ကျည်သံများကြောင့် စိတ်ချောက်ချား
ပြီး ကြောင်သလိုလို ဖြစ်သွားသော တပ်သားသုံးဦးကို ဒု-ဗိုလ်
အဆင့်ရှိ ဆရာဝန်နှင့်အတူ လမ်းတွင် လိုအပ်က အကူအညီပေးနိုင်
ရန်အတွက် ဆေးရုံသို့ စေလွှတ်လိုက်သည်၊ ဒု-ဗိုလ်သည် တစ်ရက်
ကြာလည်း မလာ၊ နှစ်ရက်ကြာလည်း မလာ၊ သုံးရက်ကြာလည်း
ပြန်မလာ ဖြစ်နေသည်နှင့် တပ်မှူးက စိုးရိမ်ပြီး ဆေးရုံသို့ ဖုန်း
ဆက်မေးသည်၊ ဆေးရုံသို့ တပ်သားလူနာသုံးဦး ရောက်လာပါ
သလားဟု စုံစမ်းသည်၊ ဆေးရုံက ပြန်ဖြေသည်။
"သုံးဦးမဟုတ်ဘူး၊ လေးဦးခင်ဗျ"
"ဘာကို ဆိုလိုတာလဲ"
"တပ်သားသုံးဦးရယ်၊ သူ့ကိုယ်သူ ဆရာဝန်ဆိုပြီး ဘဝင်မြင့်
ရောဂါ စွဲကပ်နေတဲ့ ဒု-ဗိုလ်တစ်ယောက်ရယ်၊ စုစုပေါင်း
လေးယောက်ပါ၊ ဒု-ဗိုလ်ရဲ့ရောဂါက ကုရတာ အခက်ဆုံးပါ"

0 comments: